Pages

Monday, February 28, 2011

ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစ မှ စ၍ ယနေ့တိုင်အောင်-
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် တို့၏ အပေါ်၌လည်းကောင်း၊
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊
  • ထမင်းတလုပ်၊ ရေတမှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ် တို့၏ အပေါ်၌လည်းကောင်း၊
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား………။

ဤသို့ ရှိခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ဝင်နိုင်သောကိုယ် ဇြစ်ရပါစေသား အရှင်ဘုရား။

လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား.......။

မှတ်ချက် - အမ ပေးလိုက်သော ဘုရားစာရွက်မှ ကူးယူမျှဝေပါသည်။