Pages

Sunday, May 20, 2012

မဏိဇောတ ပတ္တမြားရတနာ ဂါထာတော်

၁။ ဒိဝါတပတိ-အာဒိစ္စော (နေမင်း)၊ ရတ္တိမာ ဘာတိ (လမင်း) စန္ဒိမာ၊


ဿန္နဒ္ဓေါ-ခတ္တိယော (ရှင်ဘုရင်) တပတိ (တင့်တယ်)၊ ဈာယီ တပတိ ဗြဟ္မဏော (ရဟန္တာ)

အထသဗ္ဗာ-မဟောရတ္တိံ (နေ့ရော ညပါ) ဗုဒ္ဓေါ တပတိ-တေဇဿ (တန်ခိုး)

ဧ တေန သစ္စ၀ဇေန-သောတ္တိမေ၊ ဟောတု ဇယမင်္ဂလံ၊


၂။ ဖုဌဿ-လောကဓမ္မေဟိ၊ စိတ္တံ-ယဿ၊ န ကမ္ပတိ၊အ သောကံ-၀ီရဇံ-ခေမံ၊


၃။ တုဌေဟိ- တုဌေဟိ-မမ တုဌေဟိ-ပိယေဟိ- ပိယေဟိ-မမ ပိယေဟိ-သိန္နေဟံ- သိန္နေဟံ-မမ သိန္နေဟံ

ရာဇစိတ္တံ-ပိယံမှိုင်းမှိုင်း-အမစ္စ ရာဇစိတ္တံ-ပိယံမှိုင်းမှိုင်း- အမစ္စစိတ္တံ-ပိယံမှိုင်းမှိုင်း

ဒေ၀ စိတ္တံ-ပိယံမှိုင်းမှိုင်း-ဒေ၀ီ စိတ္တံ-ပိယံမှိုင်းမှိုင်း

ပုရိသ စိတ္တံ-ပိယံမှိုင်းမှိုင်း- ဣတ္ထိ စိတ္တံ-ပိယံမှိုင်းမှိုင်း

မနုဿ စိတ္တံ-ပိယံမှိုင်းမှိုင်း- သဗ္ဗ စိတ္တံ-ပိယံမှိုင်းမှိုင်း

သြောင်း ဧဟိ-ဧဟိ-ဗလံ ချဉ်း- သြောင်း ဧဟိ-ဧဟိ-ဗလံ ကပ်- သြောင်း ဧဟိ-ဧဟိ-ဗလံ ချဉ်းကပ်စေ၊


၎။ သဗ္ဗဟိတ-မင်္ဂလာနိ၊ ပုညာဘိ-သိရိသောဘဏိ၊ သူရဿတိစ-မေမာတာ၊ နိစ္စံ-ရက္ခန္တု-မံသဒါ။


ထိုဂါထာတော် (၄)ပုဒ်ကို နေ့စဉ်ရွတ်ဖတ် သရဇ္ဈယ်သောပုဂ္ဂိုလ်များသည် ဣစ္ဆသယ၊ လိုတရသော မဏိဇောတ ပတ္တမြား မျက်ရှင်ကို ရရှိထားသည်နှင့်အသွင် အလားသဏ္ဍန် တူလှသောကြောင့် ထိုဂါထာတော် (၄)ပုဒ်ကို မဏိဇောတ ပတ္တမြားရတနာ ဂါထာတော် ဟုခေါ်တွင်ပါသည်။ နေ့စဉ် အာရုဏ်တက် အချိန်တွင်သော်လည်းကောင်း၊ ညဘက် အိပ်ခါနီးတွင်သော်လည်းကောင်း၊ ဂါထာတော် တပုဒ်လျှင် (၂၇) ခေါက်စီဖြင့် ရွတ်ဖတ် သရဇ္ဈယ်ရပါမည်။ စုစုပေါင်း ဂါထာတော် (၄)ပုဒ်ဖြစ်၍ အခေါက်ရေပေါင်း (၁၀၈) ခေါက်စေ့အောင် ရွတ်ဖတ် သရဇ္ဈယ်ရပါမည်။

ထို့ပြင် ထိုဂါထာတော် (၄)ပုဒ်ကို (၁၀၈) ခေါက်စေ့အောင် ရွတ်ဖတ် သရဇ္ဈယ်ရမည်ကို အထူးသတိပြုပါလေ။

ဂါထာ (၄)ပုဒ်၏ သတ္တိ-သိဒ္ဓိအစွမ်းမှာ ဂါထာတော် များကို ညွှန်ကြားထားသည့်အတိုင်း ရွတ်ဖတ် သရဇ္ဈယ်၍ (၉)ရက်မြောက်နေ့မှ စ၍ စီးပွားရေးများ အထူးအောင်မြင်တိုးတက်လာတော့၏။ စီးပွားရေး အထစ်အငေါ့များ၊ အဖုအထစ် မှန်သမျှ မအောင်မြင်တာမရှိ၊ အားထုံးသော စီးပွားရေးအလုပ်များ အရောင်းအ၀ယ်လုပ်ငန်းများ အခက်အခဲမရှိတော့ပဲ၊ ပျော်ပျော်ရွှင်ရွှင် ၀မ်းသာအားရ အံ့သြစွာ တိုးတက် အဆင်ပြေလာပါလိမ့်မည်။ စည်းစိမ်၊ ဥစ္စာ၊ ရတနာ၊ ရွှေ၊ ငွေ၊ အိမ်၊ တိုက်၊ ခြံ၊ ကား ဤ(၉)ပါးသော ပစ္စည်းတို့သည် ၀င်လာမစဲ စည်ကားစွာ တိုးတက်ဝင်ရောက်လာရကုန်၏။

မှတ်ချက် - အမ ပေးလိုက်သော ဘုရားစာရွက်မှ ကူးယူမျှဝေပါသည်။