Pages

Tuesday, November 16, 2010

မင်္ဂလသုတ် နှင့် မင်္ဂလသုတ်နိဿယ

မင်္ဂလသုတ်


ယံမင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံ သု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စမင်္ဂလံ။

ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ၊
သဗ္ဗ လောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏမ ဟေ။

ဧ၀ံ မေသုတံ -
ဧကံ သမယံ ဘဂ၀ါ သာဝိတ္ထိယံ ၀ိဟရတိ
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ
ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ
ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ
တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀ံန္တံ
အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ
ဋ္ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀ံန္တံ ဂါထာယ အဇ္ဈဘာသိ။

ဗဟူဒေ၀ါ မနုဿ စ၊ မင်္ဂလနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော၊
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

အာရတီ ၀ီရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
မပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

ဂါရဝေါ စ နိဝါတော စ၊ သန္တု ဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ခန္တိစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ ၦာ၊ ဧတံ မဂၤလ မုတၱမံ။

တေပါ စ ျဗဟၼစရိယဥၥ၊ အရိယသစၥာန ဒႆနံ။
နိဗၺာန သစိ ၦကိရိယာ စ၊ ဧတံ မဂၤလ မုတၱမံ။

ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာ ဇိတာ၊
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။


မင်္ဂလသုတ်နိဿယ


မင်္ဂလသုတ် အမွှန်းနှင့် တိုက်တွန်းချက်

၁။ သဒေ၀ကာ - နတ်နှင့်တကွသော လူတို့သည်၊
ယံမင်္ဂလံ - အကြင် မင်္ဂလာတရားတော်ကို၊
ဒွါဒသဟိ - တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး၊
စိန္တယိံသု - ကြံကြကုန်ပြီ၊
စ - ထိုသို့ပင် ကြံကြပါကုန်သော်လည်း၊
သောတ္ထာနံ - ကောင်းသော အကျိုးတရားတို့၏ ထင်ရှားတည်နေကြောင်း ဖြစ်သော၊
အဋ္ဌတိံသံ - သုံးဆယ့်ရှစ်ပါးသော၊
ယံမင်္ဂလံ - အကြင် မင်္ဂလာတရားတော်ကို၊
နာဓိဂစ္ဆန္တိ - မသိနိုင်ကြကုန်။

၂။ ဒေ၀ဒေဝေန - နတ်တို့ထွတ်ထား မြတ်ဘုရားသည်၊
သဗ္ဗ လောကဟိတတ္ထာယ - အလုံးစုံသော သတ္တလောက၏ စီးပွားအလို့ဌာ၊
ဒေသိတံ - ဟောတော်မူအပ်သော၊
သဗ္ဗပါပ၀ိနာသနံ - အလုံးစုံသော မကောင်းမူကို ပယ်ဖျောက်နိုင်သော၊
တံမင်္ဂလံ - ထို မင်္ဂလာတရားတော်ကို၊
ဟေ - အို သူတော်ကောင်းတို့၊
မယံ - ငါတို့သည်၊
ဘဏမ - ရွတ်ဆိုကြကုန်စို့။


မင်္ဂလသုတ်နိဒါန်း

(က) ဘန္တေ- အရှင်ဘုရား၊ မင်္ဂလသုတ္တံ -မင်္ဂလသုတ်တော်ကို၊
မေ - တပည့်တော်သည်၊ ဘဂ၀တော - မြတ်စွာဘုရား၏၊
သမ္မုခါ - မျက်မှောက်တော်၌၊ ဧ၀ံ - ဤသို့၊ သုတံ - ကြားနာမှတ်သား ဆောင်ထားအပ်ပါပြီ…။

(ခ) ဧကံ သမယံ - အခါတပါး၌၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊
သာဝိတ္ထိယံ - သာဝိတ္ထိမြို့တော်၌၊ အနာထပိဏ္ဍိကဿ - အနာထပိဏ်သူဌေး၏၊
အရာမေ - နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော၊
ဇေတ၀နေ - ဇေတ၀န်ကျောင်းတော်၌၊ ၀ိဟရတိ - သီတင်းသုံးတော်မူ၏။

(ဂ) အထ ခေါ - ထိုသို့သတင်းသုံးတော်မူရာ အခါ၌၊
အညတရာ - အမည်အနွယ်အားဖြင့် မထင်ရှားသော၊ ဒေ၀တာ - နတ်သည်၊
အဘိက္ကန္တာယ - ညဥ့်ဦးယာမ်လွန်ပြီးသော၊ ရတ္တိယာ - သန်းခေါင်အခါ၌၊
အဘိက္ကန္တ၀ဏ္ဏာ - အလွန်နှစ်သက်ဖွယ် အဆင်းရှိသည် (ဖြစ်၍)၊
ကေ၀လကပ္ပံ - ထက်ဝန်းကျင်အလုံးစုံသော၊ ဇေတ၀နေ - ဇေတ၀န်ကျောင်းတော်ကို၊
သြဘာသေတွာ - ကိုယ်ရောင် ကိုယ်ဝါ တန်ဆာရောင်တို့ဖြင့် ထွန်းလင်းတောက်ပစေ၍၊
ယေန - အကြင်အရပ်၌၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အတ္ထိ - ရှိတော်မူ၏၊
တေန - ဘုရားရှိတော်မူရာ ထိုအရပ်သို့၊ ဥပသင်္ကမိ - ချဉ်းကပ်လေပြီ၊ ဥပသင်္ကမိတွာ - ချဉ်းကပ်ပြီး၍၊ ဘဂ၀ံန္တံ - မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ - အလွန်ရိုသေစွာ ရှိခိုးပြီး၍၊
ဧကမန္တံ - သင့်တင့်လျောက်ပတ်သော အရပ်၌၊ အဋ္ဌာသိ - ရပ်တည်လေပြီ။

(ဃ) ဧကမန္တံ - သင့်တင့်လျောက်ပတ်သော အရပ်၌၊ ဋ္ဌိတာ ခေါ - ရပ်ပြီးသော၊
သာ ဒေ၀တာ - ထိုနတ်သည်၊ ဘဂ၀ံန္တံ - မြတ်စွာဘုရားကို၊ ဂါထာယ - ဂါထာဖြင့်၊
အဇ္ဈဘာသိ - ဤသို့လျောက်ထားလေပြီ။

မင်္ဂလာဟောရန်တောင်းပန်

(ဘန္တေ- မြတ်စွာ - ဘုရား)၊ ဗဟူ - များစွာကုန်သော၊ ဒေ၀ါစ - နတ်တို့သည် လည်းကောင်း၊
မနုဿ စ - လူတို့သည် လည်းကောင်း၊ သောတ္ထာနံ - ကောင်းသောအကျိုးတရားတို့၏ ထင်ရှားတည်နေခြင်းကို၊ အာကင်္ခမာနာ - လိုချင်တောင့်တကုန်သည် (ဖြစ်၍)၊
မင်္ဂလနိ - စီးပွားချမ်းသာ၏ တည်ရာ အကြောင်းဖြစ်ကုန်သော မင်္ဂလာတို့ကို၊
အစိန္တယုံ - ကြံစီကြပါကုန်ပြီး၊ ဥတ္တမံ - ကောင်းမြတ်သော၊
မင်္ဂလံ - မင်္ဂလာကို၊ ဗြူဟိ - ဟောတော်မူပါလော။

မင်္ဂလာတရား (၃၈)ပါး

၁။ ဗာလာနံ - လူမိုက်တို့ကို၊ အသေ၀နာစ - မမှီဝဲ မဆည်းကပ်ခြင်းသည် လည်းကောင်း၊
ပဏ္ဍိတာနံ - ပညာရှိသူတို့ကို၊ သေ၀နာစ- မှီဝဲဆည်းကပ်ခြင်းသည် လည်းကောင်း၊
ပူဇနီယာနံ - ပူဇော်ထိုက်သူတို့ကို၊ ပူဇာစ - ပူဇော်ခြင်းသည် လည်းကောင်း၊
ဧတံ - ဤသုံးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၂။ ပတိရူပဒေသ၀ါသောစ - သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်းသည် လည်းကောင်း၊
ပုဗ္ဗေ - ရှေးဘ၀၌၊ ကတပုညတာစ - ပြုအပ်ဖူးသော ကောင်းမူရှိသူ၏ အဖြစ်သည် လည်းကောင်း၊
အတ္တသမ္မာပဏိဓိ စ - မိမိ၏ ကိုယ် စိတ် နှစ်ပါးကို ကောင်းစွာထားခြင်းသည် လည်းကောင်း၊
ဧတံ - ဤသုံးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၃။ ဗာဟုသစ္စဉ္စ - အကြားအမြင်များသူ၏ အဖြစ်သည် လည်းကောင်း၊
သိပ္ပဉ္စ - လက်မူပညာအတတ်တို့ကို တတ်ခြင်းသည် လည်းကောင်း၊
သုသိက္ခိတော - ကောင်းစွာသင်အပ်သော၊ ၀ိနယောစ - ၀ိနည်းတရားသည် လည်းကောင်း၊
သုဘာသိတာ - ကောင်းစွာပြောဆိုအပ်သော၊ ၀ါစာစ - စကားသည် လည်းကောင်း၊
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၎။ မာတာပိတု ဥပဋ္ဌာနံစ - အမိအဖတို့ကို ပြုစုလုပ်ကျွေးခြင်းသည် လည်းကောင်း၊
ပုတ္တဒါရဿ - သားမယားကို၊ သင်္ဂဟောစ - သင်္ဂြိုလ်ချီးမြှင့် ထောက်ပင့်ခြင်းသည် လည်းကောင်း၊
အနာကုလာ - အချိန်အခါကို လွန်စေခြင်း ပေါ့ပေါ့ဆဆပြခြင်း မသင့်မတော်ပြုခြင်းတို့ဖြင့် မရှိကုန်သော၊ ကမ္မန္တာစ- အလုပ်အကိုင်တို့သည်လည်းကောင်း၊
ဧတံ - ဤသုံးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၅။ ဒါနဉ္စ - အလှူပေးခြင်းသည် လည်းကောင်း၊
ဓမ္မစရိယာ စ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည် လည်းကောင်း၊
ဉာတကာနံ - အဆွေအမျိုးတို့ကို၊ သင်္ဂဟောစ - သင်္ဂြိုလ်ချီးမြှင့် ထောက်ပင့်ခြင်းသည် လည်းကောင်း၊
အန၀ဇ္ဇာနိ - အပြစ်မရှိကုန်သော၊ ကမ္မာနိစ - အလုပ်တို့သည် လည်းကောင်း၊
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၆။ ပါပါ - မကောင်းမူမှ၊ အာရတီစ - ဝေးစွာရှောင်ကြဉ်ခြင်းသည် လည်းကောင်း၊
ဝီရတီ - အထူးသဖြင့် ရှောင်ကြဉ်ခြင်းသည် လည်းကောင်း၊
မဇ္ဇပါနာ - သေရည်အရက်ကို သောက်ခြင်းမှ၊ သံယမောစ - စောင့်စည်းခြင်းသည် လည်းကောင်း၊
ဓမ္မေသု - ကုသိုလ်ကောင်းမူ တရားတို့၌၊ အပ္ပမာဒေါ စ - မမေ့မလျော့ခြင်းသည် လည်းကောင်း၊
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၇။ ဂါရဝေါ စ - ရိုသေထိုက်သူတို့ကို ရိုသေခြင်းသည် လည်းကောင်း၊
နိဝါတော စ - မိမိကိုယ်ကို နှိမ့်ချခြင်းသည် လည်းကောင်း၊
သန္တု ဋ္ဌိ စ - ရောင့်ရဲလွယ်ခြင်းသည် လည်းကောင်း၊
ကတညုတာစ - ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိခြင်းသည် လည်းကောင်း၊
ကာလေန - သင့်လျော် လျောက်ပတ်သော အခါ၌၊ ဓမ္မဿဝနဉ္စစ - တရားနာခြင်းသည် လည်းကောင်း၊
ဧတံ - ဤငါးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၈။ ခန္တိစ - သည်းခံခြင်းသည် လည်းကောင်း၊
သောဝစဿတာစ - ဆုံးမစကားကို နာယူလွယ်သူ၏ အဖြစ်သည် လည်းကောင်း၊
သမဏာနံ - ကိလေသာ ငြိမ်းအေး၍ ယဉ်ကျေးသော ရဟန်းတော်တို့ကို၊ ဒဿနဉ္စ - ဖူးမြင်ခြင်းသည် လည်းကောင်း၊
ကာလေန - သင့်လျော်သော အခါ၌၊ ဓမ္မသာကစ္ဆာ စ - တရားစကားကို ဆွေးနွေးမေးမြန်းခြင်းသည် လည်းကောင်း၊
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၉။ တပေါ စ - ဣနြေ္ဒစောင့်စည်းခြင်း အစရှိသော အကျင့်ကို ကျင့်ခြင်းသည် လည်းကောင်း၊
ဗြဟ္မစရိယဉ္စ - မေထုန်မှ ရှောင်ခြင်း ဟူသော မြတ်သော အကျင့်သည် လည်းကောင်း၊
အရိယသစ္စာနံ - အရိယသစ္စာတို့ကို၊ ဒဿနဉ္စ - သိမြင်ခြင်းသည် လည်းကောင်း၊
နိဗ္ဗာန သစ္ဆိကိရိယာ စ - အရဟတ္တဖိုလ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် လည်းကောင်း၊
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၁၀။ လောက ဓမ္မေဟိ - လောကဓံ တရားတို့သည်၊ ဖုဋ္ဌဿ - တွေ့ထိနှိပ်စက်အပ်သော၊ ယဿ - အကြင်ပုဂ္ဂိုလ်၏၊ စိတ္တံ - စိတ်သည်
န ကမ္ပတိ - မတုန်လှုပ်၊
အသောကံ - ၀မ်းနည်းခြင်းလည်းမရှိ၊
ဝိရဇံ - တက်မက်ခြင်းဟူသော မြူလည်းမရှိ၊
ခေမံ - ဘေးလည်း မရှိ၊ (တဿ - ထိုပုဂ္ဂိုလ်၏၊)
ဧတံ - ဤလေးပါးသော တရားသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

၁၁။ ဧတာဒိသာနိ - ဤသို့ သဘောရှိသော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့ကို၊ ကတွာန - ပြုကျင့်ရသောကြောင့်၊
သဗ္ဗတ္တ - အလုံးစုံသော ရန်သူတို့တွင် တစ်စုံတစ်ယောကိသော ရန်သူသည်လည်း၊
အပ္ပရာဇိတာ - မအောင်အပ် မအောင်နိုင်ကုန်သည်၊ (ဟုတွာ - ဖြစ်၍)၊
သဗ္ဗတ္ထ - အလုံးစုံသော ဤဘ၀ နောက်ဘ၀ ရပ်ခြင်း သွားခြင်း စသော ကိစ္စတို့၌၊
သောတ္ထိံ - ချမ်းသာခြင်းသို့၊ ဂစ္ဆန္တိ- ရောက်ကုန်၏၊
တေသံ - ထိုနတ်လူတို့၏၊ တံ - ထို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာသည်၊ ဥတ္တမံ - ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း။

မင်္ဂလသုတ်နိဿယပြီး၏ ။


အရှင်ဇနကာဘိဝံသ ပရိတ်ကြီးနိဿယ မှကူးယူမျှဝေပါသည်။

No comments: