ရွတ်ဖတ်သူစိတ်ထားရန် အစီအစဉ်
ပဏိဓာနတော - သဗ္ဗညုတာ ဉာဏ်တော်သာသို့ မှန်စွာရှေးရှု စိတ်ထားတော်မှုရာ အခါမှ၊ ပဋ္ဌာယ - စ၍၊ တထာဂတဿ - မြတ်စွာဘုရား၏၊ ဒသပါရမိယော - သူသူငါငါ ဖြည့်နိုင်ရာသည့် ဆယ်ဖြာအညီ ပါရမီတော်တို့ လည်းကောင်း၊ ဒသ ဥပပါရမိယော - မျက်စိ နားနှာ အင်္ဂါ ခြေ လက် ပျက်တန် ပျက်မျှ ဖြည့်ရ ဆယ်လီ အလယ် အလတ် ဖြစ်သော ဥပပါရမီတော်တို့ လည်းကောင်း၊ ဒသပရမတ္တပါရမိယော - အသက်ကိုမျှ မငဲ့ရဘဲ ဖြည့်ရဆယ်လီ အမြတ်ဆုံးဖြစ်သော ပရမတ္တပါရမီတော်တို့ လည်းကောင်း၊ ဣတိ - ဤသို့၊ သမတ္တိံသပါရမိယော - အမျှသုံးဆယ် များကျယ်အညီ ပါရမီတို့ လည်းကောင်း၊ ပဉ္စ မဟာပရိစ္စဂေ - ကြီးကျယ်မြင့်မြတ် စွန့်လှူအပ်သည့် ငါးရပ်သီးသီး စွန့်ခြင်းကြီးတို့ လည်းကောင်း၊
လောကတ္ထစရိယံ - တိုင်းသူပြည်သား သတ္တဝါများ၏ စီးပွားတိုးရန် ကျင့်ကြံတော်မူခြင်း လည်းကောင်း၊ ဉာတတ္ထစရိယံ - ဆွေသားမျိုးသား သတ္တဝါများ၏ စီးပွားတိုးရန် ကျင့်ကြံတော်မူခြင်း လည်းကောင်း၊ ဗုဒ္ဓတ္ထစရိယံ (ဗုဒ္ဓိ+အတ္ထစရိယံ) သဗ္ဗဉာဏ်အား ရအောင်သွားဖို့ စီးပွားတိုးရန် ကျင့်ကြံတော်မူခြင်း လည်းကောင်း၊ ဣတိ - ဤသို့၊ တိေဿာ စရိယာယော - ကျင့်ကြံကြိုးကုတ် အားထုတ်အပ်စွာ သုံးဖြာသော စရိယာတို့ လည်းကောင်း၊
ပစ္ဆိမဘဝေ - ပါရမီအဟုန် ညီညီစုံ၍ သိရ်ဂုဏ်ပြည့်ဝ နောက်ဆုံး ဘဝ၌၊ ဂဗ္ဘဝေါက္ကန္တိံ - မယ်တော်မာယာ ဝမ်းတိုက်သာ၌ ကောင်းစွာဝိုင်းအုံ သန္ဓေတည်ခဲ့ပုံ လည်းကောင်း၊ ဇာတိံ - မယ်တော်မာယာ ဝမ်းတိုက်သာမှ ကောင်းစွာပြည့်စုံ ဖွားမြင်တော်မူခဲ့ပုံကို လည်းကောင်း၊ အဘိနိက္ခမနံ - နှစ်ဆယ့်ကိုးမြောက် ရွယ်တော်ရောက်က နတ်လောက်နီးနီး စီးစိမ်ကြီးကို အပြီးစွန့်ကာ တောရိပ်သာသို့ စွန့်ခွာတော်မူပုံ လည်းကောင်း၊ ပဓာန စရိယံ - အရိုးကြေကြေ အရေ ခြောက်ခြောက် ခြောက်နှစ်လောက်မျှ မကြောက် မရွံ့ နောက် မတွန့်ဘဲ သကိစွန့် ကြိုးကုတ် တရားအားထုတ်တော်မုပုံ လည်းကောင်း၊
ဗောဓိပလ္လင်္ကေ - ဘုရားစင်စစ် မဖြစ်သမျှ မထဖို့ရန် ဓိဋ္ဌာန်ဖွဲ့ခွေ ထိုင်နေတော်မူရာ မဟာဗောဓိပလ္လင်၌၊ မာရဝိစရံ - ဂိရိမေခလာ ဆင်စီးကာဖြင့် ဝဲယာ စစ်တပ် ရံပတ်ခိုင်ဖြီး မာရ်နတ်ကြီးကို ကြိုဆီးမေတ္တာ ခြံရံကာလျက် ပါရမီစက်ဟုန် လက်နက်စုံဖြင့် အကုန်အစင် အောင်မြင်တော်မူပုံ လည်းကောင်း၊ သဗ္ဗညုတ ညာဏပ္ပဋိဝေဓံ - အကုန်သိမှန် သဗ္ဗဉာဏ်ကို ဧကန်ပိုင်ပိုင် ထိုးထွင်း၍ သိနိုင်ပုံ လည်းကောင်း၊ ဓမ္မစက္ကပ္ပဝတ္တနံ - သဒ္ဓိနြေ္ဒစသား အလွန်များသည့် တရားစကြာ ရတနာကို သတ္တဝါခပင်း စိတ် အတွင်း၌ ရှင်းစေလင်းစေ ဖြစ်စေတော်မူပုံ လည်းကောင်း၊ နဝလောကုတ္တရ ဓမ္မေ - တရားစကြာ ရတနာကြောင့် သူ ငါထိုထို အသိပိုသား မဂ် ဖိုလ် ရှစ်တန် မြတ်နိဗ္ဗာန်ဟု ကိုးတန်သော လောကုတ္တရာ တရားတို့ လည်းကောင်း၊ ဣတိ - ဤသို့၊ သဗ္ဗေပိ - ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော၊ ဣမေ ဗုဒ္ဓဂုဏေ - ဗုဒ္ဓမြတ်စွာ ရတနာ၌ ကောင်းစွာ ထင်ပေါ် ဤဂုဏ်တော်တို့ကို၊ (ယောဂါဝစရော - ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပန်းသည့် ရဟန်း မောင်ရှင် သူတော်စင်ကောင်း လူအပေါင်းသည်၊ ဝါ - ပရိတ္တဘာဏကော - ပရိတော်မြတ် ရွတ်ဖတ်မည့်သူ ရဟန်း ရှင် လူ သည်၊ အာဝဇ္ဇေယျ - ဗုဒ္ဓါနုဿတိ ဘာဝနာပြည့်အောင် သတိ မကွာ ဆင်ခြင်ရာ၏)။
(အာဝဇ္ဇေတွာ - စိတ်၌ထင်ထင် ဆင်ခြင်ပြီး၍၊) ဝေသာလိယာ - ဝေသာလီခေါ် နေပြည်တော်၏၊ တီသု ပါကာရန္တ ရေသု - ရံပတ်ကာထား တံတိုင်းသုံးထပ်တို့၏ အကြား၌၊ တိယာမရိတ္တိံ - ပဌမယာမ်မှ စ၍အဆုံး ညဥ့်သုံးယာမ်ပတ်လုံး၊ ပရိတ္တ - ဘေးအန္တရာယ် အကာ အကွယ်ကို၊ ကရောန္တော - ရတနသုတ္တာ ရွတ်ဆိုကာဖြင့် ကောင်းစွာအားထုတ် ပြုလုပ်တော်မူသော၊ အာယသ္မာ အာနန္ဒတ္တေ ရောဝိယ - အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့၊ ကာရုညစိတ္တံ - သတ္တဝါအများ သနားငဲ့စောင်း စိတ်ကောင်း စိတ်မြတ်ကို၊ ဥပဋ္ဌပေတွာ - ရှေ့ရှု တည်နေ ဖြစ်စေပြီး၍၊ (ဘဏမ ဟေ ၌ စပ်ပါ)။
အမှာ။ ။ ဤ ပဏိဓာနတော စသော ပါဠိသည် ဓမ္မပဒအဋ္ဌကထာ (ဒု) အတ္တနောပုဗ္ဗကမ္မ ဝထ္ထု၌လာသော ပါဠိကို အနည်းငယ် ဖြည့်စွက်ထားခြင်း ဖြစ်၏၊ ပရိတ်ရွတ်ဆိုသော ပုဂ္ဂိုလ်သည်….
၁။ ပရိတ်တော်ကို ဟောတော်မူသော ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုပါ။
၂။ ဝေသာလီမြို့၌ ပရိတ်ရွတ်တော်မှု ဖူးသော အရှင် အာနန္ဒာကဲ့သို့ ကရုဏာစိတ်ထားပါဟု ဆိုလိုသည်၊ ထိုကြောင့် ရတနသုတ်တော်နှင့် သာမက “ပရိတ်တော် အားလုံးနှင့်ဆိုင်သော စကား” ဟု မှတ်ပါ။
တိုက်တွန်းချက်
၁-၂။ ကောဋိသတသဟေေဿသု စက္ကဝါဠေသု -ကုဋေ တွက်ကိန်း တစ်သိန်းသချာင်္ စကြဝဠာတို့၌၊ ဝသန္တာ - ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော၊ ဒေဝတာ - သမ္မာဒိဋ္ဌိ အပေါင်း နတ်ကောင်းနတ်မြတ်တို့သည်၊ ယဿ (ပရိတ္တဿ) ရတနာသုံးဝ ဂုဏ်တော်ပြသဖြင့် ရတနသုတ်ခေါ် အကြင် ပရိတ်တော်၏၊ အာဏံ - တန်ခိုးရှိန်ဝါ အမိန့်အာဏာတော်ကို၊ ပဋိဂ္ဂဏှန္တိ - ဝမ်းမြောက်ရွှင်ပြ လက်ခံယူကြကုန်၏၊ ယဉ္စ (ပရိတ္တံ) - ရတနာသုံးဝ ဂုဏ်တော်ပြသဖြင့် ရတနသုတ်ခေါ် ယင်း ပရိတ်တော်သည်ပင်၊ ဝေသာလိယာပုရေ - ဝေသာလီဟု နာမည်ထင်ပေါ် နေပြည်တော်၌၊ ရောဂါမနုဿဒုဗိ ၻကၡသဗ ၻဴတံ - ရောဂါကပ်ဘေး ဘီးလူးဘေးနှင့် စားရေးကပ်တိုက် လွန်စွာဆိုက်၍နေသော၊ တိဝိဓံ ဘယံ- သုံးမျိုးအပြား လွန်ကြီးမားသောဘေးကို၊ ခိပ္ပမေဝ - မကြာမတင် စောလျင်စွာသာလျှင်၊ အန္တရဓာပေသိ - ကွယ်ပျောက်လွတ်ကင်း သန့်ရှင်းစေခဲ့ဖူးလေပြီး၊ တံပရိတ္တံ - ရတနာသုံးဝ ဂုဏ်တော်ပြသဖြင့် ရတနသုတ်ခေါ် ထိုပရိတော်ကို၊ ဟေ - အို… သူတော်ကောင်းတို့၊ ဘဏမ - ညီညာဖြဖြ ဆိုရွတ်ကြကုန်စို့။
၃။ ဣဓ - ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသ၌၊ ဘုမ္မာနိ - မြေ၌ ဆက်စပ် အရပ်ရပ်၌ ဖြစ်ကြကုန်သော၊ ယာနိဘူတာ နိဝါ - စတုမဟာ ဝတိံသာနှင့် ဆိုင်ရာပေါင်းစပ် အကြင် နတ်တို့သည် လည်းကောင်း၊ အန္တလိက္ခေ - ဟင်းလင်းအပြင် ထက်ကောင်းကင်၌၊ (နိဗ္ဗတ္တာနိ - ရှေးကံအဟုန် တန်ခိုးဂုဏ်ကြောင့် ကုံလုံပြည့်ဝ ဖြစ်နေကြကုန်သော)၊ ယာနိဘူတာနိဝါ - ယာမာစသား အကြင်အထက် နတ်အများတို့သည် လည်းကောင်း၊ သမာဂတာနိ - ညီညာဖြဖြ ရောက်လာကြကုန်၏၊ သဗ္ဗေဝ - ဘူမိဌာန အာကာသ၌ နေကြဥဿုံ အလုံးစုံသာလျင် ဖြစ်ကုန်သော၊ တေဘူတာ - စတုမဟာ ဝတိံသာမှ စ၍တက်သွား ထိုနတ်အများတို့သည်၊ သုမနာ - ဝမ်းမြောက်ရွှင်ပြ ကောင်းသော စိတ်ရှိကြကုန်သည်၊ ဘဝန္တု - အမြဲမသွေ ဖြစ်ကြပါစေကုန်သတည်း၊ အထောပိ - ထိုမှတဝ ပြုလုပ်ရမည့် ကိစ္စအထူး ညွှန်ပြဦးအံ့၊ ဘာသိတံ - ဒိဗ္ဗသမ္ပတ္တိ စသည့်ဆက်ဆက် မဂ်ဖိုလ်တိုင်အောင် ချမ်းသာကိုဆောင်နိုင်သော တရားတော်ကို၊ သက္ကစ္စ - လေးစားသမှု ကောင်းစွာပြု၍၊ သုဏန္တု - အာရုံတပါး စိတ်မသွားအောင် နားစိုက်၍ ထောင်ကြကုန်လော၊
၎။ ဘူတာနိ - အို… နတ်အများတို့၊ ဟိ (ယသ္မာ) - အကြင်ကြောင့်၊ (တုမေ - သင်တို့သည်၊ သမာဂတာ - နေရာစည်းစိမ် ကိုယ့်ရိပ်ငြိမ်ကို၊ တစ်ချိန်ခဏ စွန့်၍လာခဲ့ကြကုန်၏၊) တသ္မာ - ထို့ကြောင့်၊ သဗ္ဗေ - အလုံးစုံကုန်သော၊ (တုမေ - သင်တို့သည်၊) မိသာမေထ - စူးစူး စိုက်စိုက် နာယူလိုက်ကြကုန်လော၊ မာနုသိယာပဇာယ - ဘေးအန္တရာယ် မငြိတွယ်ဖို့ စိတ်ဝယ်လိုလား လူပုဂ္ဂိုလ်များ၌၊ မေတံ္တ - ဒုက္ခခပ်သိမ်း အေးငြိမ်းစေချင် မေတ္တာရေစင်ကို၊ ကရောထ - ကြည်သာရွှင်လန်း သွန်းဖျန်း ကြကုန်လော။
ယေ (မနုဿာ) - အကြင်လူတို့သည်၊ ဒိဝါစ - နေ့အခါ၌ လည်းကောင်း၊ ရတ္တောစ - ညဥ့်အခါ၌ လည်းကောင်း၊ ဗလိံ - နတ်ရုပ် နတ်နန်း ဆီမီး ပန်းနှင့် မျှတမ်းဝေကာ အရာရာ၌ ကောင်းစွာကော်ရော် ပူဇော်မှုကို၊ ဟရန္တိ - ထိုက်တန်သမျှ ပို့ဆောင်ကြကုန်၏၊ တသ္မာ - ထို့ကြောင့်၊ နေ (မနုေဿ) - မိမိတို့ကို လွန်ကြည်ညို၍ မှီခိုအားထား ကိုးစားကြသူ ထို လူတို့ကို၊ အပ္ပမတ္တာ - နေ့နေ့ညည မမေ့ကြကုန်ဘဲ၊ ရက္ခထ - စီးပွားမဲ့ငြား ပယ်ခွါထား၍ စီးပွားများမြောက် ကောင်းစွာရောက်အောင် စောင့်ရှောက်ကြကုန်လော။
၅။ ဣဓဝါ - လူတို့နေရာ မြို့ရွာဌာန ဤ လောက၌ လည်းကောင်း၊ ဟုရံဝါ - နဂါးဂဠုန် ဖုံဖုံနေကြ ဟို အောက်လောက လည်းကောင်း၊ သဂ္ဂေသုဝါ - နတ်မြို့ခြောက်လီ ဗြဟ္မပြည်တို့၌ လည်းကောင်း၊ ဝိတ္တံ - ပီတိအစွမ်း ကိုယ်စိတ်လန်း၍ ဝမ်းပန်းကြည်သာ နှစ်သက်စရာလည်း ဖြစ်ပေထသော၊ ပဏီတံ - လောကီရေးရာ ရတနာဝယ် အသာဆုံး အမြတ်ဆုံးလည်း ဖြစ်ပေထသော၊ ယံကိဉ္စိ - သက်ရှိသက်မဲ့ ကြွင်းမဲ့ဥဿုံ အလုံးစုံသော၊ ယံရတနံ - ဥစ္စာရှင်တို့ သုံးဆောင်ဖို့လျှင် နှစ်မြို့ဖွယ်ရာ အကြင် ရတနာသည်၊ အတ္ထိ - ရှေးကံအလျောက် ဘုန်းကံတောက်က ဝမ်းမြောက်ဖွယ်ရာ ထင်ရှားရှိပါပေ၏၊ ဧတ္ထ - နှစ်သက်ရွှင်လန်း ပီတိဖျန်းဖို့ သိန်းသန်းကုဋေ အထွေထွေသော ဤ ရတနာတို့တွင်၊ တထာဂတေန - သုံးလူထွတ်ထား မြတ်ဘုရားနှင့်၊ သမံ - တန်းတူထား၍ ရှုစားလောက်စွာ တစ်စုံတစ်ခုသော ရတနာသည်၊ န နော အတ္ထိ (နတ္ထိဧဝ) - အကြောင်းကို ကြည့် အကျိုးကြည့်လည်း မရှိဧကန် အမှန်ပင် ဖြစ်ပါတော့သတည်း။
ဣဒမ္ပိဗုဒ္ဓေ - သုံးလူ့ထွတ်ထား ဤ ငါတို့ ဘုရားသည်လည်း၊ ပဏီတံ - လောကီဥစ္စာ ရတနာထက် ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၆။ (သန္တံ - ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော၊) ခယံ - ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းရာလည်း ဖြစ်ပေထသော၊ ဝိရာဂံ - ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတက်မက်ရာလည်း ဖြစ်ပေထသော။ အမတံ - ဇရာ မရဏ ရှာမရသဖြင့် ကာလပုံသေ အမြုတေလည်း ဖြစ်ပေထသော၊ ပဏီတံ - အရသာရှိ ဘောဇဉ်၏ သို့သိ၍ မဝ မွန်မြတ်ပေထသော၊ ယံ (ဓမ္မံ) - အသင်္ခတ နိဗ္ဗာနဓာတ် အကြင် တရားတော်မြတ်ကို၊ သမာ ဟိတော - ဘာဝနာ ကမ္မဋ္ဌာန်း လွန်ကြိုးပန်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိ ရှိတော်မှုသော၊ သကျမုနိ - သာကီနွယ်ဖွား ငါတို့ဘုရား သည်၊ အဇ္ဈဂါ - ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ွ လေးထွေသစ္စာ သိသောခါဝယ် ကောင်းစွာလှလှ ရတော်မှုခဲ့ပေပြီ။
တေန ဓမ္မေန - အသင်္ခတ နိဗ္ဗာနဓာတ် ထို တရားတော်မြတ်နှင့်၊ သမံ - တန်းတူထား၍ ရှု စားလောက်သော၊ ကိဉ္စိ - တစ်မျိုးတစ်ဖြာ ရတနာသည်၊ န အတ္ထိ - လူ့ဘုံနတ်ရောက် အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိနိုင်တော့ချေ၊ ဣဒမ္ပိဓမ္မေ - အသင်္ခတ နိဗ္ဗာနဓါတ် ဤ တရားတော်မြတ်သည်လည်း၊ ပဏီတံ - လောကီလောကုတ္တရာ အဖြာဖြာထက် ကဲသာမြတ်မွန် တုဘက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၇။ ဗုဒ္ဓသေဋ္ဌော - သဗ္ဗညုတ ဥာဏ်ပညာဖြင့် လွန်စွာထင်ရှား မြတ်ဘုရားသည်၊ ယံ (သမာဓိံ) - သောတာပ္ပတ္တိ စသည်ဆင့်တက် လေးချက် အပြား အကြင် သမာဓိတရားကို၊ သုစိံ - မိမိဆိုင်ရာ ကိလေသာမြူ ဟူဟူသမျှ ကင်းပပျောက်ကွယ် အလွန်စင်ကြယ်သော၊ သမာဓိံ - သမထဝိပဿနာ ရှေ့သွားပါသဖြင့် လွန်စွာတည်ဘိ ထူးခြားသော သမာဓိဟူ၍၊ ပရိဝဏ္ဏယီ - ချဲ့ထွင်ထုတ်ဖေါ် ချီးမွမ်းတော်မူခဲ့ပေပြီ၊ ယံ (သမာဓိံ) - သောတာပတ္တိ စသည့် ဆင့်တက် လေးချက်အပြား အကြင် သမာဓိတရားကိုပင်၊ အာနန္တရိကံ - အကျိုးပေးရာ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကို ပေးစွမ်းနိုင်၏ ဟူ၍၊ အာဟု - ဘုရားစသား ပုဂ္ဂိုလ်များတို့ ဟောထားတူညီ မိန့်မြွက်တော်မှုကြကုန်ပြီ။ [အာနန္တရိကညမာဟု - အာနန္တရိကံ+ယံ+အာဟု-ဟု ပုဒ်ဖြတ်]။
တေန သမာဓိနာ - သောတာပတ္တိ စသည်ဆင့်တက် လေးချက်အပြား ထို သမာဓိတရားနှင့်၊ သမော - တန်းတူထား၍ ရှုစားလောက်စွာ တစ်စုံတရာသော သမာဓိသည်၊ နဝိဇ္ဇတိ - စင်စစ်ဧကန် အမှန် မရှိချေ၊ ဣဒမ္ပိဓမ္မေ - သောတာပတ္တိ စသည်ဆင့်တက် လေးချက်အပြား ဤ သမာဓိတရားသည်လည်း၊ ပဏ္ဏီတံ - သမာဓိရတနာ အဖြာဖြာထက် ကဲသာမြတ်မွန် တုဘက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၈။ သတံ ပသတ္တာ - သူတော် သူမြတ် အရပ်ရပ်တို့ မပြတ်ထုတ်ဖေါ် ချီးမွမ်းတော်မှုအပ်ကန်သော၊ ယေ ပုဂ္ဂလာ - ပုထုဇဉ်နွယ် အောက်တန်းနယ်မှ ထက်ဝယ်သို့ခို အကြင်ပုဂ္ဂိုလ်တို့သည်၊ အဋ္ဌ - ကဋေကုဋာ များပြားစွာလည်း တူရာပေါင်းထား ရှစ်ပါးတို့သာတည်း၊ ဧတာနိ - အသီးအခြား ခွဲသောအားဖြင့် ရှစ်ပါးဟုဆို ဤ အရိယာပုဂ္ဂိုလ်တို့သည်၊ စတ္တာရိ ယုဂါနိ - မဂ် ဖိုလ် နှစ်ပါး အစုံထား၍ လေးပါးသော အစုံတို့သည်၊ ဟောန္တု - ဖြစ်ကုန်၏။
သုဂတဿ - တင့်တယ်သာညှင်း ကြွသွားခြင်း ရှိတော်မှုသော မြတ်စွာဘုရား၏၊ သာဝကာ - တရားဓမ္မ သြဝါဒကို လုံးဝနာယူ တပည့်အရင်း ဖြစ်တော်မှုကြကုန်သော၊ တေပုဂ္ဂလာ - အစုံလေးပါး သီးခြားရှစ်ဖေါ် သံဃာတော် အပေါင်း ထို အရိယာ သူတော်ကောင်းတို့သည်။ ဒက္ခိဏေ ယျာ - တမလွန်စခန်း ကြီးပွားလမ်းဖို့ မျှော်မှန်းရည်ရွယ် ပေးလှူဖွယ်ကို ရည်ရွယ်သမျှ အကျိုးရသဖြင့် တစမချန် အလှူခံခြင်းငှါလည်း ထိုက်တော်မှုပါပေကုန်၏။
ဧတေသု - အစုံလေးပါး သီးခြားရှစ်ဖေါ် သံဃာတော်အပေါင်း ဤ အရိယာသူတော်ကောင်းတို့၌၊ ဒိန္နာနိ - ပေးလှူသော အခါ စေတနာတို့သည်၊ မဟပ္ဖလာနိ - ကြီးကျယ်ဖွံ့ဖြိုး များသော အကျိုးရှိကုန်၏၊ ဣဒမ္ပိသံဃေ - အစုံလေးပါး သီးခြားရှစ်ဖေါ် သံဃာတော်အပေါင်း ဤ အရိယာသူတော်ကောင်းသည်လည်း၊ ပဏီတံ - အလှူခံပုဂ္ဂိုလ် များထိုထိုထက် ပိုမိုမြတ်မွန် တုဘက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ် တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၉။ ယေ (ခီဏာသဝါ) - အကြင် အာသဝေါကုန်ခမ်း ရဟန္တာ အရှင်သူမြတ်တို့သည်၊ ဂေါတမ သာသနမှိ - ဂေါတမမြတ်စွာ ဤ သာသနာတော်၌၊ ဒဠေန မနသာ - ခိုင်မြဲစွာဘိ သမာဓိနှင့် ယှဉ်သောစိတ်ဖြင့်၊ သုပယုတ္တာ - ကိုယ်နှုတ်ဆိုင်ရာ ပြစ်မပါအောင် လွန်စွာကြိုးကုတ် အားထုတ်ကြကုန်သည်၊ (ဟုတွာ - ဖြစ်၍၊) နိက္ကာမိနော - ကိုယ်အသက်ပါ မငဲ့ညှာဘဲ ပညာပဓာန ဝီရိယဖြင့် ကိလေသာခပင်း အားလုံးရှင်း၍ ထွက်မြောက်ကြကုန်ပြီ။
တေ ခီဏာသဝါ - အာသဝေါကုန်ခမ်း ထို ရဟန္တာ အရှင်မြတ်တို့သည်၊ အမတံ - ဇရာ မရဏ ရှာမရသဖြင့် ကာလပုံသေ အမြုတေဖြစ်သော နိဗ္ဗာန်ကို၊ ဝိဂ္ဂယှ - အာရုံထင်ပေါက် ဥာဏ်ဖြင့်ရောက်လျက်၊ မုဓာ - အဖိုးအခ မပေးရဘဲ၊ လဒ္ဓါ - ကောင်းစွာလှလှ ရသည်ဖြစ်၍၊ နိဗ္ဗိုတိံ - ကိလေသာဟူသမျှ ငြိမ်းအေးရ၍ အရဟတ္တဖိုလ် သမာပတ် ချမ်းသာကို၊ ဘုဉ္ဇမာနာ - လိုရာခဏ မဆိုင်းရဘဲ အားရရွှင်ကြည် ခံစားရကုန်သည် ဖြစ်၍၊ ပတ္တိပတ္တာ - ရောက်ထိုက်သလောက် အရဟတ္တဖိုလ် ပေါက်အောင် ဆိုက်ရောက်တော်မှုကြကုန်ပြီ၊ ဣဒမ္ပိသံဃေ - အရဟတ္တဖိုလ်ပေါက် ထိပ်ဆုံးရောက်သည့် များမြောက်လှစွာ ဤ ရဟန္တာသံဃာတော်သည်လည်း၊ ပဏ္ဏီတံ - များအရိယာ သူတော်စွာထက် ကဲသာမြတ်မွန် တုဘက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၀။ ပထဝိဿိတော - ရှစ်တောင် ဆယ်တောင် နက်အောင်ဝင်တည် မြေ၌မှီသော၊ ဣန္ဒခီလော - မြို့ပေါက်တံခါး ကောင်းစွာတားဖို့ သစ်သားနှစ်ခိုင် တံခါးတိုင်ကို၊ စတုဗ္ဘိဝါတေဟိ - အရပ်တကာ လးမျက်နှာမှ လာကြပချေ မုန်တိုင်းလေတို့သည်၊ အသမ္ပကမ္ပိယော - ထိုဤ ယိမ်းယိုင် မလှုပ်စေနှိုင်သည်၊ သိယာယထာ - ဖြစ်ရာသကဲ့သို့၊ ယော (သပ္ပုရိသော) - ပုထုဇဉ်နွယ် အောက်တန်းနယ်မှ ထက်ဝယ်သို့ပြောင်း အကြင် သောတပန် သူတော်ကောင်းသည်၊ အရိယသစ္စနိ - အရိယာမှန် ကိုယ်ပိုင် ဉာဏ်ဖြင့် ဧကန်သိအပ် လေးရပ်သော သစ္စာတို့ကို၊ အဝေစ္စ - ဉာဏ်ဖြင့် ထွင်းဖေါက် အတွင်း ရောက်၍၊ ပဿတိ - သေချာပိုင်ပိုင် သိမြင်နိုင်၏၊
(တံ) သပ္ပုရိသံ - ပုထုဇဉ်နွယ် အောက်တန်းနယ်မှ ထက်ဝယ်သို့ပြောင်း ထို သောတာပန် သူတော်ကောင်းကို၊ တထူပမံ - ကောင်းစွာမြဲခိုင် ထိုတံခါးတိုင်လျှင် ဥပမာရှိ၏ ဟူ၍၊ (အဟံ ငါဘုရားသည်၊) ဝဒါမိ - သေချာထုတ်ဖေါ် မိန့်မြွက်တော်မှု၏၊ ဣဒမ္ပိသံဃေ - သောတာပန် အရိယာ ဤ သံဃာတော်အပေါင်း သည်လည်း၊ ပဏီတံ - အောက်တန်းများဖြင့် ပုထုဇဉ်တို့ မယှဉ်နိုင်စွာ ဂုဏ်ခြင်းကွာ၍ ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၁။ ဂမ္ဘီရပညေန - နက်နဲစွာဘိ ဉာဏ်တော်ရှိသည့် မုနိထွတ်ထား မြတ်ဘုရားသည်၊ သုဒေသိတာနိ - အကျဉ်း အကျယ် အသွယ်သွယ်ဖြင့် ဖွယ်ဖွယ်ရာရာ ကောင်းစွာ ဟောပြတော်မူအပ်ကုန်သော၊ အရိယသစ္စာနိ - အရိယာမှန် ကိုယ်ပိုင်ဉာဏ်ဖြင့် ဧကန်သိအပ် လေးရပ်သော သစ္စာတို့ကို၊ ယေ (သပ္ပုရိသာ) - ပုထုဇဉ်နွယ် အောက်တန်းနယ်မှ ထက်ဝယ်သို့ပြောင်း အကြင် သောတာပန် သူတော်ကောင်းတို့သည်၊ ဝိဘာဝယန္တိ - မိမိသန္တာန် ပညာဉာဏ်ဖြင့် မှန်မှန်ပိုင်ပိုင် ထင်ရှားစေနိုင်ကုန်၏၊
တေ (သပ္ပုရိသာ) - လေးရပ်သစ္စာ ကိုယ့်စိတ်မှာလျင် ထင်စွာသိတတ် ထို သောတာပန် သူတော်မြတ်တို့သည်၊ ဘုသံ ပမတ္တာ - လူနတ်ချမ်းသာ ခံစားကာဖြင့် လွန်စွာပျော်မွှေ့ တရားမေ့ကြကုန်သည်၊ ကိဉ္စာပိ ဟောန္တိ - အကြောင်း တိုက်ဆုံ အကယ်၍ပင် ဖြစ်စေကုန်ဦးတော့၊ တေ (သပ္ပုရိသာ) - လွန်စွာပျော်မွှေ့ တရားမေ့၍ အတွေ့၌ပျော် ထိုသောတာပန် သူတော်ကောင်းတို့သည်၊ အဋ္ဌမံ ဘဝံ - လူ နတ် ကာမ ရှစ်ခုမြောက်ဘဝကို၊ န အာဒိယန္တိ - ထပ်၍ တမူ မယူကြတော့ကုန်၊ ဣဒမ္ပိသံဃေ - သောတပန် အရိယာ ဤသံဃာတော် အပေါင်းသည်လည်း၊ ပဏီတံ - အောက်တန်းများဖြင့် ပုထုဇဉ်တို့ မယှဉ်နိုင်စွာ ဂုဏ်ခြင်းကွာ၍ ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာ တစ်ဆူ ဖြစ်တော်မူပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၂။ အဿ - လူ နတ် ကာမ ခုနစ်ဘဝ၌ ဖြစ်ရဖန်ဖန် ထို သောတာပန် ပုဂ္ဂိုလ်သည်၊ ဒဿနသမ္ပဒါယ - နိဗ္ဗာနဓာတ် တရားမြတ်ကို တပ်အပ်ထင်လင်း သောတာပတ္တိမဂ်ဉာဏ်၏ ပြည့်စုံခြင်းနှင့်၊ သဟာဝ - ရှေ့နောက်မဆက် တစ်ပြိုင်နက်သာလျင်၊ သက္ကာယ ဒိဋ္ဌိ - ထင်ရှားရှိတောင်း ခန္ဓာ အပေါင်း၌ အကြောင်း မပြ လူ့ ဗာလတို့ အတ္တစွဲဘိ သက္ကာယ ဒိဋ္ဌိကို လည်းကောင်း၊ ဝိစိကိစ္ဆှိတဉ္စ - ရတနာသုံးဖြာ ကျင့်သိက္ခာတည့် ပုဗ္ဗာပရန္တ သုံးဋ္ဌာနနှင့် ပဋိစ္စသမုပ္ပါဒ် ဤရှစ်ရပ်၌ ဆုံးဖြတ်ဉာဏ်ကင်း ယုံမှားခြင်း ဝိစိကိစ္ဆာကို လည်းကောင်း၊ သီလဗ္ဗတံဝါပိ - နွား ခွေး အလေ့ ဆောက်တည်၍လျင် မမေ့မှန်စွာ ကျင့်နိုင်ပါမူ ကိလေသာစင် သံသရာစင်ဟု အမြင်မှားဘိ သီလဗ္ဗတပရာမာသ ဒိဋ္ဌိကို လည်းကောင်း၊ တယော ဓမ္မ - အပြစ်ကြီးမား သုံးပါးသော အကုသိုလ်တရား တို့ကို၊ ဇဟိတာ - ကိုယ်သန္တာန်တွင် မပါဝင်အောင် အစဉ်မပြတ် ပယ်စွန့်အပ်ပြီးကုန်သည်၊ ဘဝန္တိ - ဖြစ်ကုန်၏၊ ကိဉ္စိ - အပါယ် ရောက်ကြောင်း မကောင်းသိမ်ဖျင်း စိုးစဉ်အနည်းငယ်သော၊ ယံ (ကိလေသဇာတံ) - ဣဿာ မစ္ဆရိယ စသည်များဟူ အကြင် အလားတူ ကိလေသာသည်၊ အတ္ထိ - ထိုသောတာပန် သူ့သန္တာန်၌ အမှန်ရှေးက ရှိခဲ့လှ၏၊ ( တမ္ပိ ကိလေသဇာတံ - ဣဿာ မစ္ဆရိယ စသည်များဟူ ထိုအလားတူ ကိလေသာကိုလည်း၊ ဇဟိတံ - ကိုယ့်သန္တာန်တွင် မပါဝင်အောင် အစဉ်မပြတ် ပယ်စွန့်အပ်ပြီးသည်၊ ဘဝတ - ဖြစ်၏။)
၁၃။ (သော - နိဗ္ဗာနဓာတ် တရားမြတ်ကို တပ်အပ်ထင်ထင် သိမြင်ပြီးသော ထို သောတာပန် ပုဂ္ဂိုလ်သည်၊) စတူဟိ အပါယေဟိစ - ချမ်းသာကင်းငြား ဆင်းရဲများသည့် လေးပါးသော အပါယ်တို့မှလည်း၊ ဝိပ္ပမုတ္တော - ပဋိသန္ဓေ မတည်နေရ လုံးဝသန့်ရှင်း လွတ်ကင်းလေပြီ၊ ဆ အဘိဋ္ဌာနာနိစ - အာနန္တရိယ ကံငါးဝနှင့် ဗုဒ္ဓပယ်ထား အခြားဆရာကို ညွန်ပြခြင်းအားဖြင့် ခြောက်ပါးသော ဋ္ဌာနတို့ကိုလည်း၊ ကာတုံ မှားမှား ယွင်းယွင်း ပြုလုပ်ခြင်းငှာ၊ အဘဗ္ဗော - မထိုက်မတန် မလျော်ကန်တော့၊ ဣဒမ္ပိသံဃေ - သောတပန် အရိယာ ဤသံဃာတော် အပေါင်းသည်လည်း၊ ပဏီတံ - အောက်တန်းများဖြင့် ပုထုဇဉ်တို့ မယှဉ်နိုင်စွာ ဂုဏ်ခြင်းကွာ၍ ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာ တစ်ဆူ ဖြစ်တော်မူပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေ…သတည်း။
၁၄။ သော - နိဗ္ဗာနဓာတ် တရားမြတ်ကို တပ်အပ်ထင်ထင် သိမြင်ပြီးသော ထို သောတာပန် ပုဂ္ဂိုလ်သည်၊ ကာယေနဝါ - ကိုယ်လက် လှုပ်ရှား တစ်ပါးပါးသော ကာယဒွါရဖြင့်သော် လည်းကောင်း၊ ဝါစာ (ဝါစာယ) ဝါ - နှုတ်သာလှုပ်ရှား တစ်ပါးပါးသော ဝစီဒွါရဖြင့်သော် လည်းကောင်း၊ ဥဒစေတသာဝါ - ကိုယ်နှုတ်နှစ်ပါး မလှုတ်ရှားဘဲ စိတ်အားတွင်ပြ မနောဒွါရဖြင့်သော် လည်းကောင်း၊ ပါပကံ - ယုတ်မာဆိုးညစ် အပြစ်ဖြစ်သော၊ ကမ္မံ - ကာယဝစီ တစ်လီမနော ကုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို၊ ကိဉ္စာပိ ကရောတိ - အသိဉာဏ်ကင်း မေ့လျော့ခြင်းကြောင့် ချွတ်ယွင်းသမှု အကယ်၍ ပြုမိပေသေး၏၊ တထာပိ - ထိုသို့ ကိုယ်နှုတ် စိတ်မှု အနည်းငယ် ပြုမိပါသော်လည်း၊ သော - ထို သောတာပန် သာဝကသည်၊ တဿ (ပါပကဿ) - ယုတ်မာဆိုးညစ် ထိုအပြစ်ကို၊ ပဋိစ္ဆဒါယ - ဒေသနာသဘော ထုတ်မပြောဘဲ မနော၌ဝယ် ဖုံးကွယ်ထားခြင်းငှာ၊ အ ဘဗ္ဗော - မထိုက်မတန် မလျော်ကန်တော့၊ ဒိဋ္ဌပဒဿ - နိဗ္ဗာနဓာတ် တရားမြတ်ကို တပ်အပ်ထင်ထင် သိမြင်ပြီးသော သောတာပန် ပုဂ္ဂိုလ်၏၊ အဘဗ္ဗတာ - မိမိအပြစ် မဖွင့်လှစ်ဘဲ ကောက်ကျစ်သောအား ဖုံးထားခြင်းငှာ မထိုက်သည်၏ အဖြစ်ကို၊ ဝုတ္တာ - ရှင်တော်ဘုရား ဟောထားတော်မူအပ်ပြီ၊ ဣဒမ္ပိသံဃေ - သောတပန် အရိယာ ဤသံဃာတော် အပေါင်းသည်လည်း၊ ပဏီတံ - အောက်တန်းများဖြင့် ပုထုဇဉ်တို့ မယှဉ်နိုင်စွာ ဂုဏ်ခြင်းကွာ၍ ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာ တစ်ဆူ ဖြစ်တော်မူပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေ…သတည်း။
*ပထဗျာ - ကမ္ဘာ့ဗွေခွင် မြေတပင်လုံး၌၊ ဧကရဇ္ဇေန ဝါ - တစ်ဦးတည်း အရှင် ဘုရင် ဧကရာဇ် ဖြစ်ရသည်ထက် လည်းကောင်း၊ သဂ္ဂဿ - စည်းစိမ်ရိပ်မြုံ ချမ်းသာစုံသည့် နတ်တို့ဘုံသို့၊ ဂမနေနဝါ - ကုသိုလ်ဖန်၍ ဗိမာန် အသင့် ဘုံ အသင့်ဖြင့် ဂုဏ်မြင့်ဖြိုးမောက် ရောက်ရသည်ထက် လည်းကောင်း၊ သဗ္ဗလောကာဓိပစ္စေနဝါ - တလေညကလုံး သိမ်းကျုံးလွှမ်းမိုး အုပ်စိုးရသော ဗြဟ္မာမင်းကြီး ဖြစ်ရသည်ထက် လည်းကောင်း၊ သောတာပတ္တိဖလံ - သောတာပတ္တိ မည်ရှိထူးခြား ဖိုလ်တရားသည်၊ ဝရံ - ဂုဏ်အရည်ဖြင့် လောကီ စည်းစိမ် ချမ်းသာ ဟူသမျှတို့ မမီနိုင်တန်း အလှမ်းဝေးကွာ ထူးခြားတင့်တယ် မြင့်မြတ်လှပေသည်တကား။
ဣဒမ္ပိဓမ္မေ - ဤသောတာပတ္တိဖိုလ်တရားသည်လည်း၊ ပဏီတံ - လောကီ ရတနာ အဖြာဖြာထက် ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာ တစ်ဆူ ဖြစ်တော်မူပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေ…သတည်း။
(ဤဂါထာမှာ သောတာပတ္တိဖိုလ်တရားအတွက် ကြည်ညိုဖွယ်ဖြစ်သဖြင့် ဓမ္မပဒမှ ဂါထာကို ထည့်သွင်း ဖေါ်ပြထားဖြင်းဖြစ်ပါသည်၊)
၁၅။ ဂိမှာနံ - အပူပြင်းပြ နွေလေးလတို့တွင်၊ ပဋ္ဌမသ္မိံဂိမှေ - ရှေးဦးအစ နွေကာလဖြစ်သော၊ မာသေ - ရင်ခတ်ပန်းတို့ ပွင့်လန်းခါကျူး လတန်ခူး၌၊ ဖုဿတဂ္ဂေ - ခက်မ ခက်မွှာ လွင့်ဝေဆာသဖြင့် လွန်စွာဆန်းတင့် ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော၊ ဝနပ္ပဂုမ္ဗေ - တောကြီးမြိုင်လယ် လွန်တင့်တယ်သား ပင်ငယ် ပင်လတ် အထပ်ထပ်လောင်း သစ်ပင်အပေါင်းသည်၊ (သဿိရီကော) ယထာ - ရွှန်းရွှန်းအိအိ အသရေရှိသကဲ့သို့၊ တထူပမံ - ထို တောအုပ်ကြီးသဖွယ် တင့်တယ်လှပ နက်နဲလှစွာသော၊ နိဗ္ဗာနဂါမိံ - တစ်ဆယ့် တစ်သီး မီးအဆူဆူ အပူခပ်သိမ်း အေးငြိမ်းရာမှန် အေးနိဗ္ဗာန်သို့ ဧကန်ဆက်ဆက် ရောက်စေတတ်သော၊ ဓမ္မဝရံ - သုံးပုံပိဋကတ် ငါးရပ်နိကာယ် ကိုးသွယ်အင်္ဂါ ဓမ္မက္ခန္ဓာဟု ဒေသနာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်မြတ်ကို၊ ပရမံဟိတာယ - လောကုတ် လောကီ နှစ်လီတိုးပွား အမြတ်ဆုံး စီးပွားအလို့ငှာ (အမှာကံ ဗုဒ္ဓေါ - ငါတို့ ဆရာ မြတ်စွာဘုရားသည်၊) အဒေသယိ - ကရုဏာလှုံ့ဆော် ရွှေဉာဏ်တော်ဖြင့် ထုတ်ဖေါ်ကျူးသီ ဟောမိန့်တော်မူခဲ့လေပြီ၊ ဣဒမ္ပိဗုဒ္ဓေ - တောအုပ်ကြီးသဖွယ် လွန်တင့်တယ်အောင် သွယ်သွယ်တရား ဟောဖေါ်ကြားသည့် ဘုရားမြတ်စွာ ဤကိုးကွယ်ရာသည်လည်း၊ ပဏီတံ - ပုထုဇဉ်အရိယာ အဖြာဖြာထက် ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၆။ ၀ရော - အဇ္ဈာသယဓာတ် မြင့်မြတ်ကြသူ နတ်နှင့်လူတို့ ကြည်ဖြူလေးမြတ် တောင်းတအပ်သော၊ ၀ရညူ - ဗောဓိမဏ္ဍိုင် ရိပ်သာမြိုင်ဝယ် ကိုယ်ပိုင်ဉာဏ်ဖြင့် နိဗ္ဗာန်ကို သိတော်မူပြီးထသော၊ ၀ရဒေါ - ပဉ္စ၀၀္ဂီ စသည်များမြတ် လူနှင့် နတ်အား အမြတ်တရားကိုလည်း ပေးတော်မူပေထသော၊ ၀ရဟရော - ရှေးရှေးဘုရား အမြဲသွားသည့် တရားမဂ္ဂင် မြတ်လမ်းစဉ်ကို အမျှင်မပြတ် ဆောင်ပြတော်မူထတတ်သော၊ အနုတ္တရော - လောကုတ္တရာ ဂုဏ်အရာဝယ် အသာအတူ ရှိတော်မမူသော မြတ်စွာဘုရားသည်၊ ဓမ္မ၀ရံ - သွာက္ခာတတာ ဂုဏ်ခြောက်ဖြာနှင့် ကောင်းစွာပြည့်စုံ အဖုံဖုံသော တရားတော်မြတ်ကို၊ အဒေသယိ - ကရုဏာလှုံဆော် ရွှေဉာဏ်တော်ဖြင့် ထုတ်ဖေါ်ကျူးသီ ဟောမိန့်တော်မူခဲ့လေပြီ။
ဣဒမ္ပိဗုဒ္ဓေ - သုံးလူထွတ်ထား ဤငါတို့ မြတ်စွာဘုရားသည်လည်း၊ ပဏီတံ - ပုထုဇဉ်အရိယာ အဖြာဖြာထက် ကဲသာမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၇။ (ယေသံ ဓီရာနံ - အာသဝေါကုန်ခမ်း ရဟန္တာအရှင် အကြင် ပညာရှိတို့၏၊) ပုရာဏံ - ဘ၀ါဘ၀ သံသာရာက ပြုခဲ့သမျှ အတန်တန် အဟောင်းဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံသည်၊ ခီဏံ - အရဟတ္တမဂ် ဉာဏ်လက်နက်ကြောင့် အဆက်ပျက်ပြုန်း ကုန်ဆုံးလေပြီ၊ န၀ံ - ရဟန္တာဖြစ်မှ အသစ်ရသည့် ပုညကောင်းမူ အစုစုသည်လည်း၊ နတ္ထိသမ္ဘ၀ံ - အ၀ိဇ္ဇာ တဏှာ ဖေါ်မပါသဖြင့် နောင်ခါအင်အား အကျိုးများဖို့ ထင်ရှားမရှိတော့ချေ၊ အာယတိကေ - နောက်နောင်အခါ ပေါ်လာမည်ဖြစ်သော၊ ဘ၀သ္မိံ - ဘ၀ဖန်ခါ သံသရာ၌၊ ၀ိရတ္တစိတ္တာ - တပ်မက်ခင်မင် လိုချင်သောစိတ် မရှိကြတော့ကုန်၊ တေ ဓီရာ - အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ် ထို ပညာရှိတို့သည်၊ ခီဏဗီဇာ - ကုန်ခမ်းခြောက်သွေ့ ပဋိသန္ဓေမျိုးစေ့ ရှိကြကုန်သည်၊ အ၀ိရုဠှိဆန္ဒာ - ဘ၀ထိုထို စည်ပင်လိုသော ဆန္ဒ မရှိကြကုန်သည်၊ (ဟုတွာ - ဖြစ်၍၊) အယံ ပဒီပေါ - တောက်ပလျှံညီး ဤဆီးမီးသည်၊ (နိဗ္ဗုတော) ယထာ - ထိုဤ မရောက် ဤနေရာ၌ပင် ငြိမ်းပျောက်သကဲ့သို့၊ နိဗ္ဗန္တိ - ထိုဤ ဘ၀ မရောက်ကြဘဲ အေးမြပုံသေ ငြိမ်းကြပေတော့သတည်း။
ဣဒမ္ပိသံဃေ - ရဟန္တာအရိယာ ဤသံဃာတော် အပေါင်းသည်လည်း၊ ပဏီတံ - အရိယာပဂ္ဂိုလ် များထိုထိုထက် ပိုမိုမြတ်မွန် တုဖက်လွန်သော၊ ရတနံ - ရိုသေလေးမြတ် ဆည်းကပ်ဖို့ရာ ရတနာတစ်ဆူ ဖြစ်တော်မှုပါပေ၏၊ ဧတေန သစ္စေန - မှန်ကန်လှစွာ ဤ ဝစီသစ္စာကြောင့်၊ (ပါဏီနံ - ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား၊) သုဝတ္ထိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၈။ ဣဓ - ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသ၌၊ ဘုမ္မာနိ - မြေ၌ဆက်စပ် အရပ်ရပ်၌ ဖြစ်ကြကုန်သော၊ ယာနိဘူတာနိ ၀ါ - စတုမဟာ ၀တိံသာနှင့် ဆိုင်ရာပေါင်းစပ် အကြင် နတ်တို့သည် လည်းကောင်း၊ အန္တလိက္ခေ - ဟင်းလင်းအပြင် ထက်ကောင်းကင်၌၊ (နိဗ္ဗတ္တာနိ - ရှေးကံအဟုန် တန်ခိုးဂုဏ်ကြောင့် ကုန်လုံပြည့်ဝ ဖြစ်နေကြကုန်သော၊) ယာနိဘူတာနိ ၀ါ - မာယာစသား အကြင် အထက် နတ်အများတို့သည် လည်းကောင်း၊ သမာဂတာနိ - ညီညာဖြဖြ ရောက်လာကြကုန်ပြီ၊ (တေမယံ - ညီညာဖြဖြ ရောက်လာကြကုန် ထို အလုံးစုံသော အကျွန်ုပ်တို့သည်၊) တထာဂတံ - ရှေးဘုရားအတူ ကြွလာတော်မူထသော၊ ဒေ၀မနုဿပူဇိတံ - နတ် လူ ဗြဟ္မာ သတ္တ၀ါတို့ လွန်စွာလေးမြတ် ပူဇော်အပ်တော်မူထသော၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ နမဿာမ - ကိုင်းညွတ်ရိုကျိုး ဦးနှိမ်ချိုး၍ ရှိခိုးကန်တော့ပါကုန်၏၊ သုဝတ္တိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၁၉။ ဣဓ - ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသ၌၊ ဘုမ္မာနိ - မြေ၌ဆက်စပ် အရပ်ရပ်၌ ဖြစ်ကြကုန်သော၊ ယာနိဘူတာနိ ၀ါ - စတုမဟာ ၀တိံသာနှင့် ဆိုင်ရာပေါင်းစပ် အကြင် နတ်တို့သည် လည်းကောင်း၊ အန္တလိက္ခေ - ဟင်းလင်းအပြင် ထက်ကောင်းကင်၌၊ (နိဗ္ဗတ္တာနိ - ရှေးကံအဟုန် တန်ခိုးဂုဏ်ကြောင့် ကုန်လုံပြည့်ဝ ဖြစ်နေကြကုန်သော၊) ယာနိဘူတာနိ ၀ါ - မာယာစသား အကြင် အထက် နတ်အများတို့သည် လည်းကောင်း၊ သမာဂတာနိ - ညီညာဖြဖြ ရောက်လာကြကုန်ပြီ၊ (တေမယံ - ညီညာဖြဖြ ရောက်လာကြကုန် ထို အလုံးစုံသော အကျွန်ုပ်တို့သည်၊) တထာဂတံ - သမထ၀ိပဿနာ ဘာဝနာအစုံဖြင့် သွားထိုက်သည့် အားလျော်စွာ ကိလေသာ အသင်းအပင်းကို ဖြတ်တောက်လျက် သွားရောက်တတ်ထသော၊ (တစ်နည်း) တထာဂတံ - ပညာဖြင့် ထိုထွင်း၍ သိအပ်သည်ရှိသော် အလုံးစုံသော ဒုက္ခကို ပယ်သတ်ခြင်းငှာ ကောင်းစွာဖြစ်သည့်အတွက် ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့ ထိုထွင်း၍ သိအပ်ထသော၊ ဒေ၀မနုဿပူဇိတံ - နတ် လူ ဗြဟ္မာ သတ္တ၀ါတို့ လွန်စွာလေးမြတ် ပူဇော်အပ်တော်မူထသော၊ ဓမ္မံ - မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို၊ နမဿာမ - ကိုင်းညွတ်ရိုကျိုး ဦးနှိမ်ချိုး၍ ရှိခိုးကန်တော့ပါကုန်၏၊ သုဝတ္တိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၂၀။ ဣဓ - ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသ၌၊ ဘုမ္မာနိ - မြေ၌ဆက်စပ် အရပ်ရပ်၌ ဖြစ်ကြကုန်သော၊ ယာနိဘူတာနိ ၀ါ - စတုမဟာ ၀တိံသာနှင့် ဆိုင်ရာပေါင်းစပ် အကြင် နတ်တို့သည် လည်းကောင်း၊ အန္တလိက္ခေ - ဟင်းလင်းအပြင် ထက်ကောင်းကင်၌၊ (နိဗ္ဗတ္တာနိ - ရှေးကံအဟုန် တန်ခိုးဂုဏ်ကြောင့် ကုန်လုံပြည့်ဝ ဖြစ်နေကြကုန်သော၊) ယာနိဘူတာနိ ၀ါ - မာယာစသား အကြင် အထက် နတ်အများတို့သည် လည်းကောင်း၊ သမာဂတာနိ - ညီညာဖြဖြ ရောက်လာကြကုန်ပြီ၊ (တေမယံ - ညီညာဖြဖြ ရောက်လာကြကုန် ထို အလုံးစုံသော အကျွန်ုပ်တို့သည်၊) တထာဂတံ - အတ္တဟိတ ပဋိပန္နပုဂ္ဂိုလ်တို့ သိထိုက်သည့် အားလျော်စွာ ထိုထို မဂ်ဖြင့် သိတော်မူပြီးထသော၊ ဒေ၀မနုဿပူဇိတံ - နတ် လူ ဗြဟ္မာ သတ္တ၀ါတို့ လွန်စွာလေးမြတ် ပူဇော်အပ်ထသော၊ သံဃံ - ရှစ်ပါး အရိယာ သံဃာတော် အပေါင်းကို၊ နမဿာမ - ကိုင်းညွတ်ရိုကျိုး ဦးနှိမ်ချိုး၍ ရှိခိုးကန်တော့ပါကုန်၏၊ သုဝတ္တိ - တင့်တယ်ဖို့ရန် အတန်တန်နှင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်၊ ဟောတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
ရတနာသုတ်နိဿယပြီး၏။
အရှင်ဇနကာဘိဝံသ ၏ ပရိတ်ကြီးနိဿယ မှကူးယူမျှဝေပါသည်။
No comments:
Post a Comment